ကန်သမ္မတဦးဆောင်တဲ့ ငတ်မွတ်မှုပြဿနာဖြေရှင်းရေးညီလာခံ
အမေရိကန်မိသားစု ၁၀ စုမှာ တစုဟာ စားစရာ မလုံလောက်တဲ့အခြေအနေ ရင်ဆိုင်နေရတာ ၁၀ စုနှစ်တွေချီခဲ့ပါပြီ။ ဗုဒ္ဓဟူးနေ့တုန်းကတော့ သမ္မတ Joe Biden ဟာ ဒီပြသနာဖြေရှင်းဖို့ အတွက် နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအကြိမ် ဆွေးနွေးပွဲကျင်းပပါတယ်။ VOA သတင်းထောက် Anita Powell ပေးပို့ထားတဲ့သတင်း ကိုအောင်အောင်ပြောပြပါမယ်။