သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်လက်ကျန် ဗုံး ပေါက်ကွဲလို့ ကျောင်းသူကျာင်းသားငယ် ၉ ဦးသေဆုံးရ


အာဖဂန်စစ်လက်ကျန် ဗုံး ပေါက်ကွဲလို့ ကျောင်းသူကျာင်းသားငယ် ၉ ဦးသေဆုံးရ

အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်လက်ကျန် မော်တာဗုံးသီးတလုံးပေါက်ပွဲခဲ့တဲ့အတွက် ကျောင်းသူကျောင်းသားကလေးငယ် ၉ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒါဏ်ရာရခဲ့ကြောင်း တနင်္လာနေ့တုန်းက တာဝန်ရှိသူတွေကထုတ်ပြန်ပါတယ်။

အာဖဂန်အရှေ့ဖက်ဒေသ Nangarhar နန်ဂဟာ ခရိုင်အတွင်းက စာသင်ကျောင်း တကျောင်းရဲ့အပြင်ဘက်မှာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဈေးသည်တဦးက စစ်လက်ကျန် မော်တာဗုံးသီးတလုံးကိုရရှိထားပြီး၊ သန့်ရှင်းနေစဉ် ပေါက်ကွဲခဲ့တာလို့ ခရိုင်တာဝန်ရှိသူတွေက ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ကြေငြာချက်ထဲမှာ ဈေးသည်နဲ့ပတ်သက်လို့ဖေါ်ပြခဲ့ခြင်းမရှိပေမယ့်။ သတင်းထောက်တွေကတော့ ဈေးသည်ဗုံးသီးပိုင်ရှင်လည်း သေဆုံးခဲ့တယ်လို့ဆို ပါတယ်။

အာဖကန်နစ္စတန်နိုင်ငံဟာကမ္ဘာပေါ်မှာ မြေမြှုပ်ဗိုင်းနဲ့ မပေါက်ကွဲရသေးတဲ့ဗုံးသီးတွေ အများဆုံးရှိတဲ့နိုင်ငံဖြစ်တယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေကဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


##






XS
SM
MD
LG