သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ Adaniကုမ္ပဏီရဲ့မြန်မာနိုင်ငံကုန်သေတ္တာဆိပ်ကမ်းစီမံကိန်းဖျက်သိမ်း


အိန္ဒိယ အဒါနီကုမ္ပဏီ
အိန္ဒိယ အဒါနီကုမ္ပဏီ

{{Zawgyi/Unicode}}

အိန္ဒိယနိုင်ငံအခြေစိုက် Adani ဆိပ်ကမ်းများကုမ္ပဏီက မြန်မာနိုင်ငံမှာ ကုန်သေတ္တာ အတင်အချ ဆိပ်ကမ်းတခု တည်ဆောက်ဖို့စီမံကိန်းကို ဖျက်သိမ်းတော့မယ်လို့ ဒီကနေ့ပြောပါတယ်။

အမေရိကန်က ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာနိုင်ငံမှာလုပ်မယ့် ဒီစီမံကိန်းဟာ ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးမှုတွေကို ချိုးဖောက်တာမရှိဘူးလို့ ယုံကြည်တယ်ဆိုပြီး အမေရိကန်ကချပေးတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရဖို့ လျှောက်ခဲ့ပြီးတဲ့နောက် သီတင်းပတ်အတော်အကြာမှာ စီမံကိန်းရပ်မယ့်အကြောင်း ကြေညာလိုက်တာပါ။

"အခြေအနေကို ဆန်းစစ်သုံးသပ်ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုကို လွှဲပြောင်းရောင်းချရေး အခွင့်အလမ်းတွေအပါအဝင် မြန်မာနိုင်ငံမှာ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းရေး အစီအစဉ်တရပ်ကို လုပ်ဆောင်ဖို့ ကုမ္ပဏီရဲ့ စွန့်စားလုပ်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲရေးကော် မတီက ဆုံးဖြတ်ခဲ့တယ်" လို့ Adani ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပေမယ့် အကြောင်းရင်း အတိအကျကိုတော့ ပြောမထားပါဘူး။

နောက်နှစ် မတ်လနဲ့ ဇွန်လကြားမှာ မြန်မာနိုင်ငံကနေ အပြီးတိုင်ရုပ်သိမ်းမယ်လို့ ခန့်မှန်းထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကုန်သေတ္တာဆိပ်ကမ်းကို လည်ပတ်လုပ်ဆောင်ခွင့်ရရေး လုပ်ငန်းလိုင်စင်ချပေးဖို့ အမေရိကန်၊ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) မှာ တင်ပြထားကြောင်း Adani ကုမ္ပဏီက သြဂုတ်လမှာ ပြောခဲ့ပါတယ်။

ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန် ဒဏ်ခတ်အရေးယူမှုကို ချိုးဖောက်တယ်ဆိုတာတွေ့ရင် မြန်မာ ကုန်သေတ္တာဆိပ်ကမ်း စီမံကိန်းကို ရပ်ဆိုင်းမယ်လို့ Adani ကုမ္ပဏီက မေလမှာ ပြောခဲ့ပါတယ်။

============

တိုက်ရိုက် လင့်ခ်

{{Unicode}}








#IndiaAdani #MyanmarIndia #MyanmarInvestment #VOABurmese


============

XS
SM
MD
LG