သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယား-ရုရှား စစ်ရေးပူးပေါင်းတာ ခြိမ်းခြောက်မှုအဖြစ် NATO အကြီးအကဲသတိပေး


NATO အတွင်းရေးမှူးချုပ် Mark Rutte
NATO အတွင်းရေးမှူးချုပ် Mark Rutte

ယူကရန်းမှာ တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ရုရှားနဲ့ စစ်ရေးပူးပေါင်းမှုဟာ ဥရောပအပြင် တခြားဒေသတွေ အတွက်ပါ ခြိမ်းခြောက်မှု ဖြစ်နေတဲ့အတွက် ဒါကို အားလုံးက စုပေါင်းဖြေရှင်းဖို့ လိုနေပြီလို့ NATO အကြီးအကဲ Mark Rutte မတ်ခ်ရူတာက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယား ပါဝင်လာတဲ့ကဏ္ဍကို ကြည့်ရင် ဒါဟာ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားနဲ့ အီရန်တို့ ဘယ်လို လက်တွဲ လုပ်ဆောင်တယ် ဆိုတာကို ပြနေတယ်လို့ ဥရောပခေါင်းဆောင်တွေရဲ့ Budapest အစည်းဝေး မစခင် သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်း ကျူးကျော်စစ်မှာ မြောက်ကိုရီးယားပါဝင် ကူညီဖို့အတွက် ရုရှားက မြောက်ကိုရီးယားကို နောက်ဆုံးပေါ် နည်းပညာတွေ ပေးရတဲ့အတွက်လည်း ဒါဟာ NATO မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဥရောပနိုင်ငံတွေ သာမက အမေရိကန်အတွက်ပါ ခြိမ်းခြောက်မှု ဖြစ်လာနေတယ်လို့ NATO အတွင်းရေးမှူးချုပ်က ပြောပါတယ်။


တကယ်လို့ ယူကရိန်းမှာ ရုရှား စစ်နိုင်သွားရင် ပိုအတင့်ရဲလာမှာဖြစ်သလို စစ်လက်နက် ပိုကောင်းလာတဲ့အတွက်လည်း NATO နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နေရာတွေနဲ့ အမေရိကန်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာမယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ကမ္ဘာကြီး လုံခြုံစိတ်ချရအောင်နဲ့ ဒီပြဿနာကို ရင်ဆိုင်ဖို့ ဘယ်လို စုပေါင်းလုပ်ဆောင်ကြမယ် ဆိုတာကို အမေရိကန်က အရွေးကောက်ခံသမ္မတ ထရမ့်အစိုးရအဖွဲ့သစ်နဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း NATO အတွင်းရေးမှူးချုပ် ရူတာက ပြောပါတယ်။

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ယွန်ဆော့ဂ်ယိုး ကလည်း ယူကရိန်းစစ်မှာ ရုရှားဘက်ကနေ မြောက်ကိုရီးယားက ဘယ်အတိုင်းတာအထိ ပါဝင်ပတ်သက်တယ် ဆိုတာပေါ်မူတည်ပြီး တောင်ကိုရီးယားအစိုးရက နည်းဗျူဟာချဖို့ရှိကြောင်းနဲ့ ဒီအထဲမှာ ယူကရိန်းကို လက်နက်တွေပေးဖို့ ဖြစ်နိုင်ခြေလည်း ပါဆဲဖြစ်ကြောင်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။

လက်ရှိမှာ မြောက်ကိုရီးယားဟာ သူ့ရဲ့ တပ်သား ၁ သောင်းကျော်ကို ရုရှားပိုင်နက် Kursk ဒေသထဲ စေလွှတ်ထားတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG