သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှု ဂါဇာမှာ ၂၀ ကျော်သေဆုံး


ဂါဇာကို အစ္စရေးလေကြောင်းတိုက်ခိုက်မှု။
ဂါဇာကို အစ္စရေးလေကြောင်းတိုက်ခိုက်မှု။

ဂါဇာမှာတော့ အောက်တိုဘာ လဆန်းကစပြီး စားနပ်ရိက္ခာအကူအညီ မပို့နိုင်တာကြောင့် အငတ်ဘေးကြုံရ နိုင်ကြောင်း WFP ကုလ စားနပ်ရိက္ခာအစီအစဉ်က သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေကြား ပိတ်မိနေသူက ၄ သိန်းလောက် ရှိနေတာပါ။

ဂါဇာက ဟားမတ်စ်တွေနဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတွေကို ထိုးစစ်ဆင်မယ့် လမ်းကြောင်းမှာ မနေကြဖို့ ဂါဇာနဲ့ လက်ဘနွန်တောင်ပိုင်း ဒေသခံတွေကို အစ္စရေးက သတိ ဆက်ပေးနေသလို၊ ဂါဇာမြောက်ပိုင်းမှာ နာရီပေါင်းများစွာ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ၂၂ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းတွေက ပြောပါတယ်။

လက်ဘနွန်မှာတော့ နာကိုရာ Naqoura ဒေသမှာရှိတဲ့ သူတို့ရဲ့ ဌာနချုပ် စနေနေ့မှာ ထပ်ပြီး အပစ်ခတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူ ပစ်ခတ်တယ် ဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး။ သောကြာနေ့ကတော့ အဲဒီဌာနချုပ်ကို အစ္စရေးစစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ကုလအဖွဲ့တွေ အဲဒီ နေရာက ထွက်ခွါဖို့လည်း သတိပေးထားတာပါ။


ဂါဇာမှာတော့ အောက်တိုဘာ လဆန်းကစပြီး စားနပ်ရိက္ခာအကူအညီ မပို့နိုင်တာကြောင့် အငတ်ဘေးကြုံရ နိုင်ကြောင်း WFP ကုလ စားနပ်ရိက္ခာအစီအစဉ်က သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေကြား ပိတ်မိနေသူက ၄ သိန်းလောက် ရှိနေတာပါ။

အစ္စရေးတပ်တွေက လက်ဘနွန်က အီရန်က ထောက်ခံမှုပေးထားတဲ့ ဟက်ဇ်ဘိုလာတွေကို မြေပြင်ကရော ဝေဟင်ကပါ တိုးမြှင့်တိုက်ခိုက်နေတာနဲ့ တချိန်ထဲမှာပဲ ဂါဇာ မြောက်ပိုင်းမှာလည်း နောက်ထပ် ထိုးစစ်တွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ကျော်က စခဲ့တဲ့ အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ရဲ့ ပဋိပက္ခအတွင်း သေဆုံးရသူ ၂,၂၅၅ ဦး ရှိပြီလို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဟက်ဇ်ဘိုလာ တွေကတော့ အစ္စရေးဘက်ကို ဆက်လက်ပစ်ခတ်တိုက်ခိုက်နေဆဲပါ။ စနေနေ့က ဘေရွတ်က အစ္စရေးလေကြောင်း အတိုက်ခိုက် ခံခဲ့ရတဲ့နေရာကို သွားရောက်ခဲ့တဲ့ အီရန်လွှတ်တော် ဥက္ကဌ မိုဟာမ်က ဘဂ်ဟာ ကာလီဘက် (Mohammad Bagher Qalibaf) ကတော့ လက်ဘနွန်ပြည်သူတွေနဲ့အတူ အီရန်က ရပ်တည်မှာဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG