သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
နယူးယောက်မြို့မှာ CBS ရုပ်သံကကြီးမှူးကျင်းပတဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance (ဝဲ) နဲ့ ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz (ယာ) တို့ရဲ့ စကားစစ်ထိုးပွဲ (အောက်တိုဘာ ၁၊ ၂၀၂၄)
နယူးယောက်မြို့မှာ CBS ရုပ်သံကကြီးမှူးကျင်းပတဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance (ဝဲ) နဲ့ ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz (ယာ) တို့ရဲ့ စကားစစ်ထိုးပွဲ (အောက်တိုဘာ ၁၊ ၂၀၂၄)

ဒုသမ္မတလောင်း စကားစစ်ထိုးပွဲအထူးအစီအစဉ် (တိုက်ရိုက်ဘာသာပြန်)

အမေရိကန်ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz နဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance တို့ရဲ့ စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။

၀၉:၀၉ ၂.၁၀.၂၀၂၄

ဝေါ့လ်ဇ် - ဒေါ်နယ်ထရမ့်ကို ဘယ်သူက ထိန်းမလဲ တားမလဲ အမေရိကန်ပြည်သူတွေကို မေးပါရစေ။

၀၉:၁၀ ၂.၁၀.၂၀၂၄

ဒုသမ္မတလောင်း ၂ ဦး စကားစစ်ထိုးပွဲ အပိတ်နိဂုံး

၀၉:၁၆ ၂.၁၀.၂၀၂၄

ဝေါ့လ် စကားစစ်ထိုးပွဲ နိဂုံးပြောကြားမှု

အားလုံးကိုကျေးဇူးတင်ကြောင်းပြောကြား၊ ဒီမိုကရက်ကို ထောက်ခံကြသူများ ရရှိအောင်လုပ်နိုင်ခဲ့ကြောင်းပြော၊ ဒေါ်နယ်ထရမ့် အုပ်ချုပ်စဉ်ဆိုးရွားခဲ့ကြောင်း ဗန့်က ဒေါ်နယ်ထရမ့်နဲ့ အတူရပ်တည်သူဖြစ်ကြောင်း သတိပြုကြပါ၊ ကာမာလာက စွမ်းဆောင်နိုင်သူ ဖြစ်တယ် ကာမာလာကို မဲထည့်ဖို့ တိုက်တွန်း

၀၉:၁၉ ၂.၁၀.၂၀၂၄

ဗန့်စ် စကားစစ်ထိုးပွဲ နိဂုံးပြောကြားမှု

ကာမာလာရဲ့ မူဝါဒတွေကြောင့် ပြည်သူတွေ နေရေးထိုင်ရေးခက်ခဲနေရ၊ အမေရိကန်ပြည်ထောင်စု ပြည်သူတွေဟာ အခုကုန်လွန်ခဲ့တဲ့ ၃ နှစ်ခွဲကာလမှာ ခံစားကြုံတွေ့ခဲ့ရတဲ့ ခက်ခဲမှုတွေ မလိုချင်ဘူးဆိုရင် ရီပါဘလစ်ကန်ကို မဲထည့်ကြပါ၊ အမေရိကန်အိပ်မက်တွေ ပြန်အကောင်အထည်ဖော်ရအောင်ပါ

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG