ဗန့်ဇ် - ပြည်နယ်တွေမှာ ဒေသခံပြည်နယ်တွေပဲ မဲပေးဆုံးဖြတ်တာမျိုးပဲ လုပ်သင့်ပါတယ်၊
ဝေါ့လ်ဇ် - ကျွန်တော်တို့က ကိုယ်ဝန်ဖျက်ချရေးအားပေးနေတာမဟုတ်၊ အမျိုးသမီးတွေ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ အားပေးသူတွေဖြစ်ပါတယ်၊ ကလေးတွေကို ကြိုက်တာမကြိုတ်တာမဟုတ်ပါ။ အမျိုးသမီးတွေ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိဖို့ လိုပါတယ်
သေနတ်အသုံးပြုအကြမ်းဖက်မှု မေးခွန်း
ဗန့်ဇ် - ကလေးက လူအမြောက်အများ ပစ်ခတ်မှုမှာ မိဘတာဝန်ရှိမရှိဆိုတာ ဖြစ်ရပ်တခုနဲ့ တခု တူမှာမဟုတ်ပါ။ သေနတ်အသုံးပြုအကြမ်းဖက်မှုကို ပိုထိန်းချုပ်ဖို့ လုပ်ဆောင်ရပါမယ်၊ ဒီတိုက်ခိုက်မှုတွေမှာ တရားမဝင်သေနတ်တွေပဲ အများဆုံးသုံးတာတွေ့ရပါတယ် ကာမာလာက နယ်စပ်ဖွင့်ပေးလိုက်လို့ တရားမဝင်လက်နက်တွေ အများကြီးဝင်လာပါတယ်
ဝေါ့လ်ဇ် - လူတိုင်းသေနတ်ကိုင်ဆောင်ခွင့်ရှိတာ သဘောတူပါတယ်။ ကာမာလာနဲ့ ကျွန်တော့်မှာလည်း ရှိပါတယ်။ သေနတ်လိုင်စင်နဲ့ သေနတ်ရောင်းတဲ့အခါ သေချာစစ်ဆေးပြီးမှ လက်နက်ရောင်းချဖို့ လိုပါတယ်၊ ကလေးကျောင်းတွေကို ခံတပ်တွေလို ဆောက်ထားရမလား ကလေးကျောင်းတွေမှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်မနေအောင် တားဆီးဖို့လိုပါတယ်
ဗန့်ဇ် - မြို့ကြီးတွေက ကျောင်းတွေမှာ ပိုတိုက်ခိုက်မှုဖြစ် ၊ တရားဥပဒေထိန်းသိမ်းရေးအရာရှိတွေ ပိုခန့်အပ်ဖို့လို
ဝေါ့လ်ဇ် - သေနတ်ကလေးတွေ လက်ထဲရောက်ပြီး သတ်သေမှုတွေလည်း များ၊ တားဆီးဖို့လို့ ၊ စိတ်ကျန်းမာရေး အလေးထားအာရုံစိုက်လုပ်ဖို့လို
ငွေကြေးဖောင်းပွမှုနဲ့ အိမ်ဈေး
ဝေါ့လ်ဇ် - ပြည်သူတွေ အိမ်ဝယ်နိုင်ဖို့ ပိုလုပ်ဆောင်နေပါတယ်၊ အိမ်ဝယ်ဖို့ ငွေချေးတာကိုလည်း ပိုအဆင်ပြေ လွယ်ကူအောင် လုပ်ဆောင်နေပါတယ်။ ဒီမိုကရက် အကူအညီအစီအစဉ််တွေကြောင့် အိမ်အဝယ်တိုးလာတာကို ဥပမာနဲ့ ပြောကြား
ဗန့်စ် - ကာမာလာက တရားမဝင် ဝင်ရောက်လာသူတွေ ဝင်လာလို့ရအောင် လွှတ်ပေးထားလို့ အိမ်ဈေးတွေ တက်တာပါ၊ ကာမာလာက မဲဆွယ်မှုတွေ လိုက်လုပ်နေ၊ သူပြောထားတာတွေ လက်တွေ့လုပ်ဆောင်မှုမရှိ၊ အိမ်သစ်တွေဆောက်ပေးမယ် ကတိပြောထားတာ ပြည်ထောင်စုအစိုးရရဲ့ ပိုလျှံနေတဲ့ မြေကွက်တွေမှာ ဆောက်ပါမယ်
ဝေါ့လ်ဇ် - ပြည်ထောင်စုအစိုးရရဲ့ ပိုလျှံနေတဲ့ မြေကွက်တွေ သိပ်မရှိတဲ့ ပြည်နယ်တွေ အများကြီးပါ။ နိုင်ငံတော်ပိုင်မြေကြီးတွေကို ငွေရှာဖို့ ရောင်းစားလို့ မရပါ၊
ဗန့်စ် - ရွှေ့ပြောင်းလာသူတွေကြောင့် အိမ်ဈေးတက်တာလို့ ဘယ်လိုပြောလဲဆိုတဲ့ မေးခွန်းကိုတော့ သုတေသနလုပ်ထားတာရှိလို့ ဖြေကြား၊