သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
နယူးယောက်မြို့မှာ CBS ရုပ်သံကကြီးမှူးကျင်းပတဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance (ဝဲ) နဲ့ ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz (ယာ) တို့ရဲ့ စကားစစ်ထိုးပွဲ (အောက်တိုဘာ ၁၊ ၂၀၂၄)
နယူးယောက်မြို့မှာ CBS ရုပ်သံကကြီးမှူးကျင်းပတဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance (ဝဲ) နဲ့ ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz (ယာ) တို့ရဲ့ စကားစစ်ထိုးပွဲ (အောက်တိုဘာ ၁၊ ၂၀၂၄)

ဒုသမ္မတလောင်း စကားစစ်ထိုးပွဲအထူးအစီအစဉ် (တိုက်ရိုက်ဘာသာပြန်)

အမေရိကန်ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz နဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance တို့ရဲ့ စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။

၀၇:၄၆ ၂.၁၀.၂၀၂၄

ဝေါ့လ်ဇ် - ဥတုရာသီပြောင်းလဲမှုနဲ့ပတ်သတ်ရင် ဒေါ်နယ်ထရမ့်က ဟာသလုပ်နေပါတယ်၊ အမေရိကန်ဟာ အခု သန့်ရှင်းလောင်စာထုတ်လုပ်တာ အရှိန်ရနေပါတယ်၊ ဒီလိုလုပ်ရင်း နိုင်ငံတလွှား အလုပ်နေရာတွေ ဖန်တီးပေးပါတယ်

၀၇:၄၇ ၂.၁၀.၂၀၂၄

ဗန့်ဇ် - ကာမာလာတို့က သန့်ရှင်းလောင်စာထုတ်လုပ်မယ်ပြောပြီး ငွေသန်းပေါင်းများစွာသုံးစွဲ တရုတ်ထုတ် ဆိုလာပြားတွေ ဝယ်နေတာပါ

၀၇:၄၈ ၂.၁၀.၂၀၂၄

ဝေါ့လ်ဇ် - ဒီမိုကရက်က အနာဂတ်ရှုစဉ်းစားပါတယ် .. ဥတုရာသီပြောင်းလဲမှုကို ဒေါ်နယ်ထရမ့်က အလိမ်အညာလို့ ပြောနေတာပါ

၀၇:၅၁ ၂.၁၀.၂၀၂၄

တရားမဝင် ဝင်ရောက်သူများအရေး

ဗန့်ဇ် - ပြဿနာအရင်းအမြစ်ကို ရှင်းရပါမယ် .. ဒေါ်နယ်ထရမ့်မူဝါဒကို အကောင်အထည်ဖော်ရပါမယ် နယ်စပ်တံတိုင်းကာ၊ တရားမဝင်ဝင်ရောက်သူတွေကြောင့် အမေရိကန်တွေ အလုပ်ရှာမရတာတွေဖြစ်တာ အပါအဝင် ပြဿနာတွေက ကာမာလာ တံတိုင်းဖွင့်ထားလို့ပါ

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG