ဒေါ်နယ်ထရမ့် ၂၀၂၀ ရွေးကောက်ပွဲ ရှုံးခဲ့မခဲ့ အမေးကို ဗန့်စ် မဖြေကြားပါ။
ဒီမိုကရေစီအရေးမေးခွန်း၊ ရွေးကောက်ပွဲ ရလာဒ် အတည်ပြုမပြု မေးခွန်း
ဗန့်ဇ် - ၂၀၂၀ ရွေးကောက်ပွဲပြီးနောက် ဘိုင်ဒန်တက်လာလို့ ညံ့ဖျင်းတဲ့ မူဝါဒတွေ ဖြစ်လာခဲ့ ဒါက ဒီမိုကရေစီအတွက် ပြဿနာအကြီးဆုံး၊ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်ပါတယ်
ဝေါ့လ်ဇ် - ပြဿနာက ရွေးကောက်ပွဲတရားဝင်ရလဒ်ကို ဒေါ်နယ်ထရမ့် အတည်မပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ နိုင်တာမနိုင်တာနဲ့ မတူပါ၊ ပြည်သူတွေ ရွေးချယ်မှုက အဓိကဖြစ်ပါတယ်. သမိုင်းမှာ ရွေးကောက်ပွဲရလာဒ်ကို လက်မခံတဲ့ သမ္မတ ဒေါ်နယ်ထရမ့် တယောက်ပဲ ရှိပါတယ်၊
ကလေးငယ်စောင့်ရှောက်မှု မေးခွန်း
ဝေါ့လ်ဇ် - ကလေးကို စောင့်ရှောက်ဖို့ လိုတဲ့အခါ ကလေးကို မိဘကစောင့်ရှောက်နိုင်ဖို့ လစာနဲ့ ခွင့်ရဖို့ ဒီမိုကရက်က လုပ်ဆောင်နေပါတယ်၊ မီနီဆိုးတားမှာ စတင်လုပ်ဆောင်နေပါပြီ
ဗန့်ဇ် - ကုမ္ပဏီတွေအနေနဲ့ လစာနဲ့ ခွင့်တွေပေးတာနဲ့ ပတ်သတ်ရင်တော့ မိသားစုတွေအနေနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ အစီအစဉ်ရွေးချယ်နိုင်ဖို့ စီစဉ်ပေးသင့်ပါတယ်။ မိသားစုတခုနဲ့ တခုမတူပါဘူး၊ အလုပ်ပြန်သွားမလား ကလေးနဲ့ အိမ်မှာနေမလားဆိုတာက လွဲပြီး တခြားရွေးချယ်စရာတွေလည်း ရှိသင့်ပါတယ်
ကျန်းမာရေးစောင့်ရှောက်မှုဈေးကြီးတဲ့ မေးခွန်း
ဗန့်ဇ် - ဒေါ်နယ်ထရမ့်လက်ထက် ဆေးဖို့ ဈေးအများကြီးကျ၊ ကာမာလာဟဲရစ်တို့ကြောင့် ဆေးဖိုးတွေ ဈေးတက်၊ အိုဘားမားကျန်းမာရေးစောင့်ရှောက်မှု အလုပ်မဖြစ်ခဲ့၊ ဒေါ်နယ်ထရမ့်က ပိုကောင်းတဲ့ အစီစအစဉ်ကို လုပ်နိုင်ခဲ့
ဝေါ့လ်ဇ် - ဒေါ်နယ်ထရမ့်က အိုဘားမားအစီအစဉ်ကို ဖျက်ဖို့ကြိုးစားခဲ့တာ အာဏာရကတည်းက၊
ဗန့်ဇ် - နေမကောင်းတဲ့သူတွေ ကျန်းမာရေးအာမခံဝယ်လို့ရအောင် ဘယ်လိုလုပ်မလဲအမေးကိုတော့ ဒေါ်နယ်ထရမ့်က အဆင်ပြေအောင်လုပ်ပေးခဲ့တယ်လို့ပြောကြား