မြန်မာစစ်ကောင်စီ အကြီးအကဲ က နိုင်ငံစီးပွားရေးကို သမ၀ါယမစနစ် နဲ့ ပြန်လည်ကျင့်သုံးဖို့ ပြောဆိုလာတဲ့အတွက် လူအများက အရင် မြန်မာဆိုရှယ်လစ်လမ်းစဥ် မဆလ တပါတီအုပ်ချုပ်ရေး ခေတ်ကို နောက်ပြန်ဆွဲသွားမလားဆိုပြီး စိုးရိမ်မှုတွေရှိနေကြပါတယ်။ အဲဲဒီ မဆလ ခေတ်က သမ၀ါယမစနစ် ဟာ အောင်မြင်မှုမရှိခဲ့ပဲ တောင်သူလယ်သမားတွေကို ဖိနိုပ်ရေး ယန္တယားတခုအနေနဲ့ ကျင့်သုံးခဲ့ပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က ဒီတပတ်မြေကြီး သြဇာအစီအစဥ်မှာ အခုလို တင်ဆက်ထားပါတယ်။
Forum