မြန်မာ့အရေး အမေရိကန်အကူအညီ ဝေဖန်ခံနေရ
လတ်တလော မီဒီယာတွေမှာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍအရေးပါပုံကိုပဲ အဓိကထား ပြောဆို၊ဆွေးနွေး ရေးသားကြတာ တွေ့ရပါတယ်။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို သိပ်အလေးပေး ပြောဆို၊ရေးသားကြတာ မတွေ့ရပါဘူး။ အမေရိကန်ဟာ မြန်မာ့အရေးမှာ အပြောပဲ... လက်တွေ့မှာ ထိထိရောက် မကူညီဘူးလို့ ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ ထိထိရောက်ရောက် ပါဝင်ကူညီလာစေဖို့ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ သူတို့ရဲ့ မဲဆန္ဒရှင်အခွင့်အရေးတွေကို အသုံးချသင့်တဲ့အကြောင်းကို ကမ္ဘာ့၊ မြန်မာ့ မီဒီယာ မြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
Forum