မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ကစပြီး ဆိုးရွားလာနေတာ အခုဆိုရင် မကြုံစဖူးအခြေအနေမျိုးရောက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတဝှမ်း ဆင်းရဲမွဲတေမှု အတိုင်းအတာဟာ အလွန်ကို ကျယ်ပျံလာနေတယ်လို့လည်း ရေးသားထားပါတယ်။ ဒါအပြင် ပဋိပက္ခဒဏ်ခံနေရတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ အရင်နှစ်တွေတုန်းက စီးပွားရေးအနည်းငယ်ကောင်းခံတဲ့ အရှိန်နဲ့ခံသာနေပေမဲ့ လက်ရှိဘဏ္ဍာရေးနှစ်အတွက် ၁% ပဲရှိကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာ၊ လုပ်သားရှားပါးလာတာအပြင် ငွေကြေးတန်ဖိုးကျဆင်းနေတဲ့အခြေအနေကြောင့် စီးပွားရေးလုပ်ကိုင်မှု အလွန်ခက်ခဲလာတယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ အထူးသဖြင့် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ကမောက်ကမ ဖြစ်ခဲ့ရပြီး ၁၀ နှစ်ကြာ တည်ဆောက်လာခဲ့တဲ့ ဒီမိုကရေစီ စနစ်နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုလည်း အဆုံးသတ်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
Forum