KNU နဲ့ BGF ဆက်ဆံရေး၊ မြဝတီတိုက်ပွဲနဲ့ KNU မဟာဗျုဟာ (စောတောနီးနဲ့ တွေ့ဆုံမေးမြန်းခန်း)
ဗျူဟာအရ အရေးပါတဲ့ မြ၀တီမြို့သိမ်း တိုက်ပွဲမှာ စောချစ်သူ ဦးဆောင်တဲ့ ကရင် နယ်ခြားစောင့်တပ် BGF ခေါ် KNA အဖွဲ့က စစ်ကောင်စီဘက် ရပ်တည် ပူးပေါင်းလိုက်တဲ့အတွက် KNU က မြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့ KNU ပြောခွင့်ရ စောတောနီးက ဗွီအိုအေကို ပြောပါတယ်။ တဖက်မှာတော့ မြ၀တီမြို့ပြင်ဘက်မှာ KNU တပ်ရင်းတွေရှိနေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျာစစ်ကြောင်း မြ၀တီမရောက်ဖို့ဟာ သူတို့ရဲ့ လက်ရှိအဓိကဗျူဟာဖြစ်တယ်လို့ ဆိုပါတယ်။ KNU ပြောခွင့်ရ စောတောနီး ကို ထိုင်းမြန်မာနယ်စပ်မှာ ဗွီအိုအေကို တွေ့ဆုံမေးမြန်းထားပါတယ်။
Forum