သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးသိမ်းပိုက်ခံ နယ်မြေတွေအရေး ICJ မှာ စတင်ကြားနာ


အစ္စရေးအရေး ICJ နိုင်ငံတကာ တရားရုံးမှာ ကြားနာ (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄)
အစ္စရေးအရေး ICJ နိုင်ငံတကာ တရားရုံးမှာ ကြားနာ (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄)

ပါလက်စတိုင်းတွေ နိုင်ငံထူထောင်ဖို့ မျှော်မှန်းထားတဲ့ နယ်မြေတွေကို အစ္စရေးက ၅၇ နှစ်ကြာ သိမ်းပိုက်ထားတဲ့အပေါ် တရားဝင်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ထိပ်တန်းတရားရုံးမှာ သမိုင်းတွင်မယ့် ကြားနာစစ်ဆေးမှုတွေ ဒီကနေ့ပဲ စတင်လိုက်ပါပြီ။ သိမ်းပိုက်နယ်မြေမှာ အစ္စရေးက ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ အကြံပြုချက်တွေ တင်ပြဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တောင်းခံခဲ့ပြီးနောက် ICJ နိုင်ငံတကာ တရားရုံးမှာ ကြားနာစစ်ဆေးနေတာပါ။

ICJ တရားရုံးရဲ့ ဒီကနေ့ ကြားနာစစ်ဆေးမှုမှာ ပါလက်စတိုင်း ကိုယ်စားလှယ်တွေရဲ့ လျှောက်လဲချက်တွေကို တရားသူကြီးတွေက အရင်ဆုံး နားထောင်ကြမှာပါ။ ဂါဇာဒေသမှာ ဟာမတ်စ်နဲ့ အစ္စရေး တိုက်ပွဲတွေ ဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်ပြီး ကြားနာပွဲမှာတော့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းဒေသ၊ ဂါဇာကမ်းမြှောင်နဲ့ အရှေ့ဂျေရုဆလင်တို့ကို အစ္စရေးက အချိန်အကန့်အသတ်မရှိ သိမ်းပိုက်ထားတဲ့ ကိစ္စကို အဓိက စစ်ဆေးမှာ ဖြစ်ပါတယ်။

ကလေးငယ်တွေ တဝက်လောက် အပါအဝင် ဂါဇာဒေသက လူ ၂ သန်း ၃ သိန်းလောက်ဟာ ဗုံးဒဏ်၊ သေကျေထိခိုက်မှုဒဏ်၊ ငတ်မွတ်မှုဒဏ်နဲ့ နေရပ်စွန့်ခွာရတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရကြောင်း ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Riyad al-Maliki က ICJ တရားရုံးရှေ့မှောက် ပြောဆိုခဲ့တာပါ။ ICJ တရားရုံးရဲ့ သဘောထားကိုတော့ တရားသူကြီးတွေက လနဲ့ချီ အချိန်ယူစဉ်းစားပြီးမှာ ထုတ်ပြန်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG