အမေရိကန်ပြည်နယ် အများအပြားမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကျရောက်
အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အများစုမှာ အခု သီတင်းပတ်ထဲ နှင်းမုန်တိုင်းတွေ တိုက်ခိုက်နေပြီး ရေခဲ အမှတ် သုညအောက် အပူချိန် ကျဆင်းနေပါတယ်။ ဒီလို ပြင်းထန်တဲ့ ဆောင်းရာသီဥတုကြောင့် တပတ်အတွင်းမှာ နိုင်ငံတဝန်း သေဆုံးသူ ၄၀ ကျော်ရှိ နေပြီး တန်နက်ဆီပြည်နယ်တခုတည်းမှာတင် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပါတယ်။