ယူကရိန်းမြန်မာ လွတ်မြောက်ရေးနဲ့ ကဗျာ
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့အထဲ အနုပညာသမားတွေလည်း အများကြီးပါဝင်ကြပါတယ်။အမေရိကန်ပြည်ထောင်စု ဘက်ဖလိုးမြို့မှာ နေထိုင်ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့အနုပညာနဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကဗျာဆရာ ဦးစောဝေ အကြောင်းကို ယူကရိန်းမြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။