အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အစ္စရေးသူတဦးအမြင်
အကြမ်းဖက်အဖွဲ့အစည်းတွေရှိနေသရွေ့ အစ္စရေးနိုင်ငံရပ်တည်ရေးနဲ့ လုံခြုံရေး ကို အမြဲခြိမ်းခြောက်နေမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံသူ Anita Haviv Horiner က ဗွီအိုအေကိုပြောပါတယ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တယ်လ်အဲဗစ်မှာ နေထိုင်နေတဲ့ Anita ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။