အဖြေမရှိသေးတဲ့ စစ်မီးတောက်
ဟားမတ်စ်တို့ရဲ့ ပြင်းထန်တဲ့ လျှပ်တပျက်ထိုးစစ်ကြောင့် အစ္စရေးနိုင်ငံဟာ "စစ်ဖြစ်နေတဲ့အခြေအနေရောက်နေပြီ"လို့ အစ္စရေးဝန်ကြီးချုပ် Netanyahu က ကြေညာလိုက်ပြီး အလားတူ ပြင်းထန်တဲ့ အင်အားနဲ့ လက်တုံ့ပြန်နေပါတယ်။ နှစ်ပေါင်းများစွာ ထိပ်တိုက်တွေ့လာခဲ့တဲ့ နှစ်ဘက် ပဋိပက္ခအတွက် ငြိမ်းချမ်းပြေလည်မဲ့ အဖြေတရပ် ရှာဖွေမတွေ့သေးပါဘူး။ ဘာကြောင့် ဒီလိုဖြစ်လာရသလဲ ရှေ့ဆက် ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းတင်ဆက်ထားပါတယ်။