သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ကုန်တိုက်ပစ်ခတ်မှုနဲ့ ဆက်နွယ်သူ အနည်းဆုံး ၄ ဦးဖမ်းဆီးခံရ


ထိုင်းနိုင်ငံ ကုန်တိုက်ပစ်ခတ်မှုနဲ့ ဆက်နွယ်သူ အနည်းဆုံး ၄ ဦးဖမ်းဆီးခံရ (အောက်တိုဘာ ၅၊ ၂၀၂၃)
ထိုင်းနိုင်ငံ ကုန်တိုက်ပစ်ခတ်မှုနဲ့ ဆက်နွယ်သူ အနည်းဆုံး ၄ ဦးဖမ်းဆီးခံရ (အောက်တိုဘာ ၅၊ ၂၀၂၃)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုန်တိုက်ကြီးထဲ ပစ်ခတ်ခဲ့တဲ့ ဆယ်ကျော်သက် သေနတ်သမားကို သေနတ်ရောင်းချခဲ့တယ်လို့ မသင်္ကာမှုနဲ့ ၄ ယောက်ကို ထိုင်းရဲတွေက ဒီနေ့ ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဘန်ကောက်မြို့တော်မှာ ၂ ယောက် နိုင်ငံတောင်ပိုင်း ရာလာပြည်နယ်မှာ ၂ ယောက် ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။

သက်သေထွက်ဆိုချက်တွေ၊ အထောက်အထားတွေအရ တရားရုံးရဲ့ ဖမ်းဝရမ်းနဲ့ ပထမ ၂ ယောက်ကို သေနတ်ရောင်းတယ်လို့ မသင်္ကာမှု၊ ကျန်တဲ့ ၂ ယောက်ကို ကျည်ဆံရောင်းတယ်လို့ မသင်္ကာမှုတို့နဲ့ ဖမ်းဆီးခဲ့တဲ့အကြောင်း ဘန်ကောက်မြို့တော်ရဲမင်းကြီး Noppasin Poonsawat က ပြောကြားသွားတာဖြစ်ပါတယ်။ ထိပ်ဖူးမပါတဲ့ ကျည်သုံးပစ်ရတဲ့ ပစ်စတိုသေနတ်ကို ကျည်အစစ်ထည့်ပစ်နိုင်အောင် ပြုပြင်ထားတဲ့ သေနတ်ရောင်းချမှုနဲ့ ရာလာပြည်နယ်မှာ ၂ ယောက်ကို ဖမ်းဆီးခဲ့တာပါ။

သူတို့နေအိမ်တွေကို ရဲက ဝင်ရောက်ရှာဖွေရာမှာ ဘန်ကောက်က ပစ်ခတ်မှုနဲ့ ဆက်စပ်နေတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။ ထိပ်ဖူးမပါတဲ့ ကျည် ၂၀၀ ကျော်၊ သေနတ်တပ်ဆင်ဖို့အတွက်သုံးမယ့် သံချောင်း ၃၃ ချောင်းနဲ့ ကျည်ကပ် ၉ ခုကို တွေ့ရှိခဲ့တယ်လို့ ဘန်ကောက်မြို့တော် ရဲချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းဖို့ ဘန်ကောက်ကို ဖမ်းခေါ်လာတယ်လို့လည်း ပြောပါတယ်။

ဘန်ကောက်မြို့လယ်က Siam Paragon ကုန်တိုက်ကြီးထဲ မြန်မာအလုပ်သမားတယောက်နဲ့ တရုတ်လူမျိုးတယောက် သေဆုံးအောင် ပစ်ခတ်ခဲ့တဲ့ ဆယ်ကျော်သက်ကို လူသတ်မှု၊ လူအများရှိတဲ့နေရာမှာ သေနတ်ကိုင်ဆောင်မှု၊ ပစ်ခတ်မှု၊ လိုင်စင်မဲ့လက်နက် ကိုင်ဆောင်မှုတို့နဲ့ အမှုဖွင့်ထားပါတယ်။ ပစ်ခတ်မှုအတွင်း ၇ ယောက်သေနတ်ထိမှန်ခဲ့ပြီး ၂ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ခုလို ဘန်ကောက်မြို့လယ်က လူစည်ကားတဲ့ ကုန်တိုက်ကြီးမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံမှာ တရားဝင်လက်နက်ရောင်းချမှု ဟာကွက်တွေ ရှိ မရှိနဲ့ အွန်လိုင်းကနေ လက်နက်ရောင်းချမှုတို့ကို ထိန်းချုပ်နိုင်ဖို့ ထိုင်းရဲတွေက ကြပ်မတ်ဆောင်ရွက်နေပါတယ်။ စိတ်ရောဂါကျန်းမာရေးအတွက် အရင်ကကုသမှုခံယူခဲ့ပေမဲ့ ဆေးဆက်မသောက်တော့ဘဲ ရပ်ထားတဲ့ သေနတ်သမား ဆယ်ကျော်သက်ကို အမှုစစ်ဆေး ကြားနာနိုင်မယ့် အခြေအနေ ရှိ မရှိ စိတ်ရောဂါဆိုင်ရာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲကပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG