စစ်ပွဲတွေဖြစ်နေတဲ့ဒေသမှာ ပြည်သူ့ဘက်တော်သား ဆေးမှူးတွေ အန္တရာယ်ကြားကနေ ဆေးကုသပေးနေကြရပါတယ်။ တိုက်ပွဲတွေ မပြတ်ရှိနေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကိုယ့်အသက်ကို မငဲ့ဘဲ၊ ဒဏ်ရာရသူတွေကို ကုသပေးနေကြသူတချို့အကြောင်းကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။