ကောင်းကင်ပေါ်က အင်တာနက်တာဝါတိုင်များ
တယ်လီဖုံးတာဝါတိုင်ထောင်ဖို့ မလွယ်ကူ ဝေးလံတဲ့ ဒေသတွေအတွက် နေရာဒေသတခုတည်းက ထိန်းချုပ်ထားတာမဟုတ်ပဲ၊ အဖိုးခသက်သာပြီး နေရာဒေသစုံကနေ အင်တာနက်ချိတ်ဆက်မှု ပေးနိုင်ဖို့ World Mobile ကုမ္ပဏီက လုပ်ဆောင်နေပါတယ်။ ဇန်ဇီဘာနိုင်ငံမှာ စတင်လုပ်ဆောင်ပြီး တခြားဒေသတွေကို လျှင်လျှင်မြန်မြန်တိုးချဲ့လုပ်ဆောင်ဖို့ ရှိပါတယ်။ ကမ္ဘာမှာ လူပေါင်း ၂.၇ ဘီလျံ တနည်းပြောရရင် ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ တစ်ပုံဟာ အင်တာနက်ချိတ်ဆက်မှု မရှိသေးပဲ နေနေကြရတာပါ။