ဘတ်စကတ်ဘောအသင်းက အသက် ၁၀၃ နှစ် အဘွား
စစ္စတာ ဂျင်းဒလောရက်စ် ရှမစ်တ်က လိုယိုလာတက္ကသိုလ်အမျိုးသား ဘတ်စကတ်ဘော အသင်းအတွက် ဘာသာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးဖို့ ခန့်အပ်ထားရသူပါ။ ချီကာဂိုနဲ့ ကယ်လီဖိုးနီးယားက အခြေခံပညာ ကတ်သလစ်ကျောင်းတွေမှာလည်း နှစ်ပေါင်း ၈၀ ကျော် ဆရာမ လုပ်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၈ NCAA ဘတ်စကတ်ဘောပြိုင်ပွဲမှာ The Ramblers အသင်းကို သူလာအားပေးတော့ သူ့သတင်းစာရှင်းလင်းပွဲက နာမည်ကြီးကစားသမား တွမ်ဘရက်ဒီ ဆီမှာထက်တောင် လူစည်ကားပါတယ်။