မီးတောက် ရေတံခွန်
အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ယိုဆဲမတီတောင်ကြားက Horsetail Fall မြင်းမှီးရေတံခွန်က နှစ်တိုင်း ဖေဖော်ဝါရီလဆို သဘာဝအံ့ဖွယ်ဖြစ်စဉ်တခု ဖြစ်ပေါ်တတ်လို့ နှစ်စဉ် လူထောင်ပေါင်းများစွာ ဒီအချိန်ဆို ရောက်လာတတ်ကြပါတယ်။ ရေတံခွန်က မီးတောက်နေသလိုမြင်ရတာဖြစ်ပြီး ကောင်းကင်အခြေအနေ၊ နေဝင်တဲ့ ထောင့်၊ ဒါတွေအားလုံး ကျိုးကြောင်းညီညွတ်ရင်မှ မြင်ရတာပါ။