ကယ်လီဖိုးနီးယားက သေနတ်ပြပွဲ
အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း လူအများကို သေနတ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ စုစုပေါင်း လူ ၂၀ မက သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေဖြစ်ကတည်းက အုပ်ချုပ်ရေးနဲ့ ဥပဒေပြုသူတွေ ကယ်လီဖိုးနီးယားပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့် စည်းမျဉ်းတွေ ပိုတင်းတင်းကြပ်ကြပ်လုပ်ဆောင်သွားဖို့ ပြောနေကြပါတယ်။