အရင်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှု အသေအချာမရှိတဲ့ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ဆေးဝါးကုသမှု မရရှိတဲ့ အကျဉ်းသားတွေ ပိုများလာတဲ့အကြောင်း အကျဉ်းထောင်က ပြန်လွတ်လာသူတွေက ပြောပြကြပါတယ်။ အချိန်မီ ဆေးကုသခွင့်မရကြလို့ အကျဉ်းထောင်တွင်း မသေသင့်ဘဲ သေဆုံးရသူတွေ အများအပြား ရှိနေတဲ့အကြောင်း Frontier Myanmar အဖွဲ့က ဒီတပတ် ဒို့အသံ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
==== Unicode ====