[Unicode/Zawgyi]
==================================
[Zawgyi]
အစိုးရသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲနဲ့ အမေရိကန်ဒီမိုကရေစီ
ပြီးခဲ့တဲ့ လထဲ ထွက်ခဲ့တဲ့ လူထု သဘောထား စစ်တမ်းတရပ်မှာ အမေရိကန် ဒီမိုကရေစီစနစ် အပေါ် အယုံအကြည် နည်းလာတဲ့သူတွေ များလာတာ ကို တွေ့ခဲ့ရပါတယ်။ ဒီ လူထုအမြင် နဲ့ လက်တွေ့ ရွေးကောက်ပွဲ အခြေအနေ က ဘယ်လို ရှိပါသလဲ။ ဒီတပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဉ် မှာ ၁၉ ၉ ၀ ရွေးကောက်ပွဲ NLD လွှတ်တော်အမတ်ဟောင်း ဒေါက်တာ တင့်ဆွေ နဲ့ ဦးတင်မောင်သန်း က ဆွေးနွေးတင်ပြထားပါတယ်။