သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်(ဖ်) ကို ပါကစ္စတန် ပြန်လာခွင့်ပြုတော့မည်


Pakistan Musharraf
Pakistan Musharraf

ပြည်ပမှာ မိမိဖာသာ တိမ်းရှောင်နေခဲ့တဲ့ ၊ တချိန်က ပါကစ္စတန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း Pervez Musharraf ကို နိုင်ငံထဲ ပြန်လာခွင့် ပြုဖို့ အစီအစဉ်တွေ လုပ်နေပြီလို့ အစိုးရထိပ်တန်း သတင်းရင်းမြစ်က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

Zawgyi/Unicode

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်(ဖ်) ကို ပါကစ္စတန် ပြန်လာခွင့်ပြုတော့မည်

ပြည်ပမှာ မိမိဖာသာ တိမ်းရှောင်နေခဲ့တဲ့ ၊ တချိန်က ပါကစ္စတန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း Pervez Musharraf ကို နိုင်ငံထဲ ပြန်လာခွင့် ပြုဖို့ အစီအစဉ်တွေ လုပ်နေပြီလို့ အစိုးရထိပ်တန်း သတင်းရင်းမြစ်က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

အာရပ်စော်ဘွားများ UAE နိုင်ငံ Dubai ဆေးရုံကနေ ၊ လူနာတွေ တင်ဆောင်လို့ရတဲ့ အထူးလေယာဉ်နဲ့ ပြန်လာမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က VOA ကိုပြောပါတယ်။ အသက်(၇၉)နှစ်ရှိပြီဖြစ်တဲ့ Musharraf က ပါကစ္စတန်ကို ဘယ်နေ့ ပြန်လည်ရောက်ရှိမယ်ဆိုတဲ့ နေ့ရက် အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုင်းပြည်ထဲ ပြန်လာခွင့်ပြုမယ့် ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပါကစ္စတန်ရဲ့သြဇာအကြီးမားဆုံး စစ်တပ်က အပြည့်အဝ ထောက်ခံမှု ပေးထားတယ်လို့ ဆိုပါတယ်။ Musharraf မိသားစုဝင်တွေ သောကြာနေ့တုန်းက tweeter ကတဆင့် သတင်းထုတ်ပြန်ရာမှာ Musharraf ဟာ လွန်ခဲ့တဲ့ ၃ ပတ်အတွင်း သူ့ရောဂါ ဝေဒနာ ပိုးဆိုးလာတယ်လို့ ဖေါ်ပြပါတယ်။ သူရဲ့ခန္ဓာကိုယ်တွင်း အင်္ဂါ ပျက်စီးယိုယွင်းလာနေပြီး ပြန်လည်ကောင်းမွန်ဖို့ အခွင့်အလမ်းနည်းတယ်လို့ ဖေါ်ပြထားတာပါ။

ဒီလို ကျန်းမာရေး အခြေအနေကြောင့် Musharraf ရဲ့အိမ်ပြန်ခရီးမှာ အနှောက်အရှက် အဟန့်အတားတွေ ရှိမှာ မဟုတ်ဘူးလို့ ပါကစ္စတန်ကာကွယ်ရေး ဝန်ကြီး Khawaja Asif က စနေနေ့မှာ ပြောပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ Nawaz Sharif အစိုးရကို ဖြတ်ချပြီး၊ ဗိုလ်ချုပ်ကြီး Musharraf က သွေးထွက်သံယို ဖြစ်စေတဲ့ အာဏာသိမ်းမှု လုပ်ခဲ့တာပါ။ အဲဒီနောက် နိုင်ငံတော် ပုန်ကုန်မှုအတွက် တရားရင်ဆိုင်နေရချိန် နိုင်ငံခြားကို အာမခံနဲ့ သွားရောက် ဆေးကုသခွင့် ပြုထားချိန်မှာ ၂၀၁၆ ခုနှစ်တုန်းက UAE နိုင်ငံကို တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

##

တိုက်ရိုက် လင့်ခ်







XS
SM
MD
LG