ယူကရိန်းပြဿနာ အပေါ် အာဆီယံရဲ့ ကွဲလွဲတဲ့ တုံ့ပြန်ချက်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မတ်လ ၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၁၄၀ က ထောက်ခံခဲ့တဲ့ ရုရှားကျူးကျော်စစ်ကို ကန့်ကွက်တဲ့ ဆုံးဖြတ်ချက် အစည်းအဝေးကို ပူးတွဲခေါ်ယူခဲ့သူတဦးဖြစ်ခဲ့သလို မိန့်ခွန်းလည်း ပြောကြားခဲ့တာပါ။