သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ကြောင့် အမုန်းတရားပျံ့နှံ့မှု နမူနာထဲ မြန်မာနိုင်ငံပါဝင်


Facebook ထုတ်လုပ်ရေး မန်နေဂျာဟောင်း Frances Haugen ကနေ အင်္ဂါနေ့က ပြုလုပ်တဲ့ အမေရိကန်အထက်လွှတ်တော်ကြားနာပွဲမှာ- Facebook ကြောင့် အမုန်းစကားပွားများမှုတွေ ကြောက်ခမန်းလိလိဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံကို ဥပမာပေးပြောသွားပါတယ်။

Facebook ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တွေကို ဖေါ်ထုတ်ခဲ့သူ Facebook ထုတ်လုပ်ရေး မန်နေဂျာဟောင်း Frances Haugen ကနေ အင်္ဂါနေ့က ပြုလုပ်တဲ့ အမေရိကန်အထက်လွှတ်တော်ကြားနာပွဲမှာ- Facebook ကြောင့် အမုန်းစကားပွားများမှုတွေ ကြောက်ခမန်းလိလိဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံကို ဥပမာပေးပြောသွားပါတယ်။
သူထွက်ဆိုခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာ အမုန်းစကားအပြင် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အခြေအနေမှာတောင် အများပြည်သူရဲ့ ထောက်ခံမှုရခဲ့တဲ့ အကြောင်းအရင်းထဲမှာ Facebook လည်းပါဝင်ခဲ့ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသူ မဝေေ၀နုက ဗွီအိုအေကိုပြောပါတယ်။
မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။
XS
SM
MD
LG