သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO မြန်မာကိုယ်စားလှယ် လက်ခံရေး အလားအလာ


ILO မြန်မာကိုယ်စားလှယ် လက်ခံရေး အလားအလာ
please wait

No media source currently available

0:00 0:07:34 0:00

စစ်ကောင်စီက အဆိုပြုထားတဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုမှာ မဟုတ်သလို ၊ မြန်မာနိုင်ငံကို ဘယ်သူကိုယ်စားပြုမလဲဆိုတဲ့ ကိစ္စကိုတော့ လာမယ့်စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်မယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ILO ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာရှိတဲ့ ILO ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ်မှာ ကျင်းပနေတဲ့ အထွေထွေညီလာခံကို တက်ရောက်ဖို့ စစ်ကောင်စီက အဆိုပြုထားတဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်ကို NUG အမျိုးသားညီညွတ်ရေးအစိုးရကကန့်ကွက်မှုအပေါ် ILO- Credential Committee က ကလက်ခံ စဉ်းစားခဲ့ပြီးနောက် တက်ရောက်ခွင့်ပြုမှာ မဟုတ်သလို ၊ မြန်မာနိုင်ငံကို ဘယ်သူကိုယ်စားပြုမလဲဆိုတဲ့ ကိစ္စကိုတော့ လာမယ့်စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်မယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ILO ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် ILO ဘက်က စစ်ကောင်စီကိုယ်စားလှယ်ကိစ္စ ဆိုင်းငံ့ထားတဲ့အတွက် သူတို့အနေနဲ့ ILO နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အပိုင်းတွေကို ပြန်ပြီး စဉ်းစားဖို့ရှိကြောင်း စစ်ကောင်စီရဲ့ ဒုအလုပ်သမားဝန်ကြီး ဦးဝင်းရှိန်က ပြန်ပြီးတုန့်ပြန်ခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ရေးထားပါတယ်။

ILO မှာ စစ်ကောင်စီက ကိုယ်စားလှယ်အသစ် အဆိုပြုချက်ကို NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သူနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM Myanmar) တို့က မေလမှာ ကန့်ကွက်ခဲ့တဲ့အတွက် အစိုးရ တရပ်ရဲ့ အရည်အချင်းတွေနဲ့ ြပ်ည့စုံမရှိမရှိ စိစစ်တဲ့ ILOရဲ့ Credential Committee က ဆန်းစစ် သုံးသပ်ပြီးနောက် ၁၉၅၀ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ ရဲ့ ဆုံးဖြတ်ချက်အတိုင်း အငြင်းပွားဖွယ်ရာ မြန်မာကိုယ်စားလှယ်ကိစ္စကို ကုလသမဂ္ဂကသာ ဆုံးဖြတ်ဖို့ ILO ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
CTUM ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Burma Point ရဲ့ ပြောခွင့်ရ ကိုမိုးချမ်း ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
-------------------------


XS
SM
MD
LG