Zawgyi/ Unicode
အမေရိကန်ပြည်ထောင်စု Mnnesota ပြည်နယ်မှာ မေလ (၂၅)ရက်နေ့က လက်နက်မဲ့ လူမည်းအမျိုးသားတဦးကို ရဲတွေ ချုပ်နှောင်ဖမ်းဆီးခဲ့တဲ့ ဒဏ်နဲ့ ဆေးရုံရောက်ပြီး နာရီပိုင်းအတွင်း သေဆုံးသွားတဲ့ ဖြစ်ရပ်အတွက် တရားမျှတမှုရရေး ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်းပေါ်ပေါက်ခဲ့ပါတယ်။
COVID-19 ကပ်ရောဂါ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ အမေရိကန်မှာ အခုလို ပြည်နယ်အနှံ့ လူထု အုံကြွမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာရတဲ့ နောက်ခံ အကြောင်းအရင်း၊ ဒီဆန္ဒပြပွဲတွေကနေ ဘယ်လို အပြောင်းအလဲတွေဖြစ်လာမလည်းဆိုတဲ့ မျှော်လင့်ချက်၊ တခါ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။
ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဘေးဧရိယာက လူ့အခွင့်အရေးကာကွယ်ရေးလှုပ်ရှားနေသူ ၈၈ မျိုးဆက် ဦးကိုကိုလေးကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
--------------------