ရိုဟင်ဂျာ ပြန်ပို့ရေးအစီအစဉ် ကုလဝေဖန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က အခြေအနေတွေက အဆင်သင့်မဖြစ်သေးဘူးလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အခုသီတင်းပတ်ကစပြီး ဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း၊ ဒုက္ခသည်တွေတစ်ယောက်မှ ပြန်လာခြင်းမရှိတဲ့နောက် ကုလသမဂ္ဂဘက်က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ မရမချင်း မြန်မာနိုင်ငံကို မပြန်ဘူးလို့ ပြောပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။