ရက်ကန်းချည်ထည် နိုင်ငံတကာပို့မယ်သူ
အပင်တွေကနေ သဘာဝဆိုးဆေးနဲ့ မြန်မာလက်ရက်ကန်းချည်ထည်တွေ ထုတ်လုပ်နေသူက မဖြူအိသိန်းဖြစ်ပါတယ်။ မြန်မာ့ရက်ကန်း ချည်ထည်တွေ နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်အောင် နိုင်ငံခြားသားတွေကြိုက်တဲ့ အရောင်တွေ ဒီဇိုင်းတွေလည်း ဖန်တီးထုတ်လုပ်နေတာပါ။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ပေးထားပါတယ်။