စနေနေ့က ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ Burnley က စပါးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး Newcastle ကလည်း Huddersfield ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။
လက်စတာစီးတီးကတော့ ခရစ္စတယ်လ် ပဲလေ့စ်ကို အိမ်ကွင်းမှာ ၁ ဂိုး ၄ ဂိုးနဲ့ အရေးနိမ့်သွားပြီး ဘုန်းန်မောက်သ်က အိမ်ကွင်းမှာ Wolves နဲ့ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။
တနင်္ဂနွေနေ့မှာ ကစားဖို့ရှိတဲ့ ချယ်လ်ဆီးနဲ့ ဘရိုက်တန်ပွဲကို ရွှေ့ဆိုင်းထားပြီး ဘယ်တော့ကစားမယ်ဆိုတာ မသိရသေးပါဘူး။ အာဆင်နယ်လ်နဲ့ ဆောက်သမ်မ်တန်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ပွဲတွေကတော့ စီစဉ်ထားတဲ့အတိုင်း တနင်္ဂနွေ နေ့မှာ ကစားကြမှာဖြစ်ပါတယ်။
စနေနေ့အထိ ကစားပြီးသမျှ ပွဲစဉ်တွေအရ လက်ရှိမှာ မန်စီးတီးက ၂၇ ပွဲကစား၊ ၆၅ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ရောက်နေ ပြီး လီဗာပူးလ်ကတော့ ၂၆ ပွဲကစားပြီးချိန် ၆၅ မှတ် ရထားတာချင်းတူပေမယ့် ဂိုးကွာခြားချက်အရ ဒုတိယနေရာမှာ ရောက်နေပါ တယ်။ တနင်္ဂနွေနေ့ကစားမယ့် မန်ယူနဲ့ပွဲမှာ လီဗာပူးလ်အသင်း သရေကျရင်ကိုပဲ ဇယားထိပ်ကို ရောက်လာမှာပါ။
စပါးအသင်းက ၂၇ ပွဲကစား အမှတ် ၆၀၊ မန်ချက်စတာ ယူနိုက်တက်က ၂၆ ပွဲကစား ၅၁ မှတ်၊ အာဆင်နယ်လ်က ၂၆ ပွဲကစား အမှတ် ၅၀၊ ချယ်လ်ဆီးကလည်း ၂၆ ပွဲကစား အမှတ် ၅၀ အသီးသီး ရထားကြပါတယ်။