ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံခရီးစဉ် ပထမနေ့
ချစ်ချင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ သတင်းစကားနဲ့အတူ ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ မြန်မာနိုင်ငံကိုရောက်ရှိလာပါပြီ။ ရန်ကုန်လေဆိပ်ကနေ ပုပ်ရဟန်းမင်းကြီးတည်းခိုတဲ့နေရာအထိ ရန်ကုန်မြို့လမ်းတလျှောက်မှာ ကက်သလစ်ဘာသာဝင် အမြောက်အများ စောင့်ကြိုနှုတ်ဆက်ခဲ့ကြတဲ့အကြောင်း မစုမြတ်မွန် တင်ပြထားပါတယ်။