လေထုညစ်ညမ်းမှု တိုင်းတာတဲ့ ဂြိုဟ်တု
တစက္ကန့်တိုင်းမှာ ကမ္ဘာမြေပြင်ကနေ လေထုထဲကို ဓာတ်ငွေ့မျိုးစုံ တန်ချိန် သန်းနဲ့ချီ ထုတ်လွှတ်ပါတယ်။ ဒီအထဲမှာ လူတွေကြောင့်ဖြစ်ပြီး လူ့ကျန်းမာရေးကို ထိခိုက်စေတဲ့၊ လေထုညစ်ညမ်းမှုကို အကြီးအကျယ်ဖြစ်စေပြီး ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ အများအပြား ပါဝင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် George Putic ရဲ့သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါမယ်။