စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု မှတ်တမ်းရုပ်ပုံ
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စုအတွင်း မြို့ကြီးတွေမှာ လူတွေစုဝေးတွေနဲ့ အခမ်းအနားတွေ ပြုလုပ်ကြပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နယူးယောက်မြို့ မှာတော့ 9/11 Memorial အထိမ်းအမှတ်နေရာမှာ ဝမ်းနည်းပူဆွေးကြသူတွေတက်ရောက်တဲ့အခမ်းအနားမှာတော့ သေဆုံးခဲ့သူတစ်ဦးချင်းစီရဲ့ နာမည်တွေကို ရွတ်ဆိုကြဖို့ရှိပါတယ်။ လူ ၃၀၀၀ကျော် သေဆုံးခဲ့တဲ့ ဒီအကြမ်းဖက်မှုကို အိုစမာဘင်လာဒင်နဲ့ အဲလ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က သူတို့လုပ်ရပ်အဖြစ် ကြေညာခဲ့ပြီးတဲ့နောက် အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ ဆယ်နှစ်နီးပါးကြာ ဘင်လာဒင်ကို ရှာဖွေခဲ့ပြီးနောက်မှာတော့ သူပုန်းခိုရာ ပါကစ္စတန်နိုင်ငံ Abbottabad မြို့ နေအိမ်တစ်ခုမှာ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၉ နိုဝင်ဘာ၊ ၂၀၂၄
Trump အစိုးရသစ်နဲ့ အစ္စရေး အခြေချသူတွေ သဘောထား
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
စစ်ဘေးကြောင့် ပါလက်စတိုင်း စီးပွားရေး အကြပ်အတည်း
-
၁၅ နိုဝင်ဘာ၊ ၂၀၂၄
အမေရိကန်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲသစ်များ ထရမ့်ကြေညာ
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
နှင်းမဲ့နေတဲ့ ဖူဂျီတောင်
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
အမေရိကန်၊ အင်ဒိုနီးရှားနဲ့ တောင်တရုတ်ပင်လယ်အရေး