ထိုင်းက အကျဉ်းထောင်တည်းခိုဆောင်
ဘန်ကောက်မြို့ရဲ့ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ အကျဉ်းထောက်တည်းခိုဆောင်က ကြိုဆိုပါတယ်။ သူ့အထဲမှာတော့ အခန်းကျဉ်းလေးတွေ၊ သံတိုင်တွေနဲ့ နံရံကပ်အိပ်စင်တွေပါပါတယ်။ အလုံပိတ်တံခါးတွေနဲ့ ပြတင်းပေါက်တွေကြောင့် တစ်ဦးတည်း အကျဉ်းကျနေတဲ့ အရသာမျိုးကို ရမှာပါ။ မှုခင်းမှတ်တမ်းရိုက်ဖို့ နံရံတစ်ခုလည်း ပေးထားပြီး ၂၁ဒေါ်လာပေးရင်တော့ အကျဉ်းသားဝတ်စုံ ဝတ်ခွင့်ရမှာဖြစ်ပါတယ်။ The Shawshank Redemption ရုပ်ရှင်ကိုကြည့်ပြီး အခုလိုဆောက်ဖြစ်ခဲ့တာလို့ ဒီတည်းခိုဆောင်ပိုင်ရှင်ကပြောပါတယ်။ ဒီနှစ်ဧပြီလမှာ စဖွင့်ခဲ့တာဖြစ်ပြီး အခန်းတွေကတော့ တညကို ၂၄ဒေါ်လာကနေ ၅၀အထိကျသင့်ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၉ နိုဝင်ဘာ၊ ၂၀၂၄
Trump အစိုးရသစ်နဲ့ အစ္စရေး အခြေချသူတွေ သဘောထား
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
စစ်ဘေးကြောင့် ပါလက်စတိုင်း စီးပွားရေး အကြပ်အတည်း
-
၁၅ နိုဝင်ဘာ၊ ၂၀၂၄
အမေရိကန်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲသစ်များ ထရမ့်ကြေညာ
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
နှင်းမဲ့နေတဲ့ ဖူဂျီတောင်
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
အမေရိကန်၊ အင်ဒိုနီးရှားနဲ့ တောင်တရုတ်ပင်လယ်အရေး