(၉) လအတွင်း လူကယ်ပြန်ဝန်ကြီးဌာန ဆောင်ရွက်ချက်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာပြီး တနှစ်နီးပါးအကြာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုအတွက် ဆောင်ရွက်ချက်တွေအပေါ် အားရကျေနပ်တာတွေရှိသလို၊ စိန်ခေါ်မှုတွေနဲ့ အတူ အားနည်းချက်တွေလည်းရှိပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရာဒေသ အကူအညီပေးမှုတွေ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို စောင့်ရှောက်တဲ့အစီအစဉ်အပြင်၊ သက်ငယ်မုဒိန်းနဲ့ လူကုန်ကူးခံခဲ့ရသူ ကလေးသူငယ်တွေကို စောင့်ရှောက်တဲ့အစီအစဉ်တွေကိုလည်း အကောင်အထည်ဖေါ်နေတဲ့အကြောင်း ဒေါက်တာဝင်းမြတ်အေးကရှင်းပြပါတယ်။ အယ်ဒီတာဒေါ်ခင်စိုးဝင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၇ နိုဝင်ဘာ၊ ၂၀၂၄
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ MRTV ရုပ်သံတင်ဆက်သူ
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
လူ့အခွင့်အရေးချိုးဖောက်မှုများ အရေးယူရေး NUG လုပ်ဆောင် “မေးမြန်းခန်း”
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
KIO/ KIA ထိန်းချုပ်လိုက်တဲ့ ပန်ဝါ အခြေအနေ
-
၁၂ နိုဝင်ဘာ၊ ၂၀၂၄
"ဖိအားပေးဖို့ နယ်စပ်ကုန်သွယ်ရေးများ တရုတ်ရပ်ဆိုင်း"လို့ အကဲခတ်တွေယူဆ
-
၁၀ နိုဝင်ဘာ၊ ၂၀၂၄
မြန်မာအပေါ်ထားမည့် ကန်အစိုးရသစ် မူဝါဒ အလားအလာ
-
၀၈ နိုဝင်ဘာ၊ ၂၀၂၄
ကန်သမ္မတသစ်လက်ထက် မြန်မာ့အရေး အလားအလာ