မသန်စွမ်းသူများအခွင့်အရေးနဲ့ ပြုစုပျိုးထောင်မှု
မြန်မာနိုင်ငံအတွင်း မသန်စွမ်းသူတွေကို ပြုစုပျိုးထောင်ရေးမှာ အခက်အခဲနဲ့ လုံလောက်မှု အားနည်းနေသေးတဲ့အကြောင်း မသန်စွမ်းတဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်နေသူတွေက ပြောပါတယ်။ မသန်စွမ်းသူတွေအတွက် တန်းတူအခွင့်အရေး ရရှိဖို့လိုအပ်တဲ့အကြောင်း မြစ်မခ သတင်းအေဂျင်စီက ကိုကောင်းမြတ်ဖြိုးက သတင်းပေးပို့ထားပါတယ်။