ဝါရှင်တန်ဒီစီရဲ့ ရှေးအကျဆုံး အနုပညာ ပြတိုက်
ဝါရှင်တန် ဒီစီ မြို့တော်မှာရှိတဲ့ ရှေးအကျဆုံး ပုဂ္ဂလိက အနုပညာ ပြတိုက်ကနေ အနုပညာ ကျောင်းသူ ကျောင်းသား ၈၄ ယောက်ကို ပန်းချီ အပါအဝင် ဓာတ်ပုံနဲ့ ဒီဇိုင်း ဘာသာရပ်ဆိုင်ရာဘွဲ့တွေ ချီးမြှင်တော့မှာ ဖြစ်ပါတယ်။ ဒီ ကျောင်းသားတွေက သူတို့ရဲ့ ဘွဲ့အတွက် တင်သွင်းတဲ့ အနုပညာပြကွက်တွေကို သူတို့ရဲ့ ကျောင်းမှာရော ဝါရှင်တန်ဒီစီက ပြတိုက်မှာပါ အထူး ပြပွဲ အဖြစ် တင်ဆက်ခဲ့ကြပါတယ်။ ဗွီအိုအေသတင်းထောက် Julie Taboh က ဒီ ကျောင်းသားတွေနဲ့ တွေ့ဆုံမေးမြန်းထားတာကို မခွာညိုက ပြောပြပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၇ နိုဝင်ဘာ၊ ၂၀၂၄
ကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်သူအပေါ် မြန်မာတချို့အမြင်
-
၁၇ နိုဝင်ဘာ၊ ၂၀၂၄
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ MRTV ရုပ်သံတင်ဆက်သူ
-
၁၇ နိုဝင်ဘာ၊ ၂၀၂၄
အစားအသောက်စားတဲ့အခါသုံးတဲ့ အမေရိကန်စကားစုများ “မကြေးမုံရဲ့ အင်္ဂလိပ်စာ”
-
၁၇ နိုဝင်ဘာ၊ ၂၀၂၄
ဟွာဟင်းက မြန်မာ့ကထိန် “နေရာပေါင်းစုံ အကြောင်းစုံ”
-
၁၇ နိုဝင်ဘာ၊ ၂၀၂၄
လူငယ့်စိတ်ဒဏ်ရာ ဝိုင်းဝန်းဖြေလျော့တဲ့ တနေရာ “Gen Z”