TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၉ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၉ ရက်၊ ၂၀၂၄) − ဓါးစာခံ ၄ ဦး ပြန်ရဖို့ အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်း ရာနဲ့ချီသေဆုံးတာ၊ မြန်မာဘက်ကလာတဲ့ စိတ်ကြွဆေး ၈ သန်း နကွန်စဝမ်မှာ ဖမ်းမိတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇွန် ၉ ရက်၊ ၂၀၂၄)
ဘောလုံးပွဲရလဒ် ခန့်မှန်းတဲ့ အီကိုလိုင် ဘတ်တီးရီးယားပိုးမွှားတွေ၊ ရောဂါကူးစက်ပြီး လိင်စိတ်ကြွတဲ့ ဇွန်ဘီ ပုရစ်များ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ခွဲစိတ်ခန်း ဆရာဝန်တယောက် ဘာ့ကြောင့် စစ်မြေပြင်ရောက်နေဆိုတဲ့ GenZ၊ ဂျာမဏီနယ်စပ် တဘက်နိုင်ငံကိုပါ ရောက်နိုင်တဲ့ တောအုပ်ကလေးကို သွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇွန်လ ၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၉၊ ၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ခဲ့သူ မြန်မာတပ်ဖွဲ့ဝင် ၁၃၀ ကျော် နေရပ်ပြန်ပို့၊ စစ်ကောင်စီ နှိမ်နင်းမှုကြောင့် ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်း အရောင်ဈေးကွက် ထိခိုက်ဖွယ်ရှိ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။