TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၈ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၈ ရက် ၂၀၂၄) - ရုရှားကို ပဲ့ထိန်းဒုံးမပေးဖို့ အီရန်ကို ကန် သတိပေးတာ၊ မြဝတီတောင်ဘက် လေးကေကော်မှာ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (စက်တင်ဘာ ၈ ရက်၊ ၂၀၂၄)
ဖဲချပ်တွေနဲ့ တိုက်ဆောက်သူနဲ့ ဘောလုံးကို အချိန်အကြာဆုံးတော့ပြနိုင်သူ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ နယ်သာလန်မှာ ပညာသင်ဆု ရနိုင်တဲ့ အခွင့်အလမ်း GenZ အစီအစဉ်၊ နောက်တော့ နိုင်ငံရပ်ခြားကနေ မြန်မာ့အရေးကြိုးပမ်းသူ ဒေါက်တာမီမီဝင်းဘတ်အကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမဏီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ စက်တင်ဘာလ ၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၈၊ ၂၀၂၄)
အနောက်ဖက်ကမ်းဒေသ ပစ်ခတ်မှုမှာ အစ္စရေး ၃ ဦး သေဆုံး၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့မှာ ထိခိုက်ပျက်စီး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။