TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၈ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၈ ရက်၊ ၂၀၂၄) − ကုလနဲ့ နိုင်ငံတကာ ကူညီရေးဝန်ထမ်းတချို့ ဟူသီသူပုန်တွေ ဖမ်းဆီး၊ ဂါဇာကို အထောက်အပံ့ အမြန်ပို့နိုင်ဖို့ ဆိပ်ခံတံတားတွေ တပ်ဆင်၊ ပူတင်ရဲ့ စစ်ရေးရည်မှန်းချက်ကို မပံ့ပိုးဖို့ မြောက်ကိုရီးယားကို ကန်သတိပေး စတဲ့ သတင်းတွေနဲ့အတူ အမျိုးသမီး၊ သုတစုံလင်အမေရိကန်တခွင် ၊ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍတွေကို ရှုစားနားဆင်ကြရမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇွန် ၈ ရက်၊ ၂၀၂၄)
ငပလီတိုက်ပွဲများ အရပ်သားတွေ ထိခိုက်သေကြေ၊ ဗျိုင်းဖြူရွာ အရပ်သားများ အသတ်ခံရမှု သူတို့မလုပ်ဟု စစ်ကောင်စီ ငြင်းဆို၊ ဖမ်းဆီးမှုတွေကြားက ဈေးမကျ၊ ဒီလို တပတ်အတွင်း သတင်းများ၊ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရေးအခြေအနေ ဆက်သွယ်မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇွန် ၈ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇွန် ၈၊ ၂၀၂၄
သမ္မတ Biden ပြင်သစ် နိုင်ငံတော်ခရီးစဉ် စတင်၊ အစ္စရေးဓားစာခံ ၄ ယောက် ပြန်လွတ်လာ၊ မြန်မာ့ဒီမိုကရေစီရေးထောက်ခံသူ Mitch McConnell ကို NED ဂုဏ်ပြု၊ ကမ္ဘာလုံးကြီးကို ပထမဆုံးရောင်စုံဓါတ်ပုံရိုက်ခဲ့သူ အာကာသယာဉ်မှူးကြီးကွယ်လွန် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။