TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၇ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၇ ရက် ၂၀၂၄) − ကန်ရွေးကောက်ပွဲ ပြည်ပ ဝင်နှောက်နိုင်ခြေ သတိပေးတာ၊ ယူကရိန်းကာကွယ်ရေး မဟာမိတ်တွေ ဂျာမနီမှာဆွေးနွေးတာ၊ သံတွဲ ရေတပ်စခန်း AA သိမ်းပိုက်တဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို နားဆင်ရဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (စက်တင်ဘာ ၇ ရက်၊ ၂၀၂၄)
စစ်ကောင်စီအကြီးအကဲ စစ်ရှုံးနယ်မြေများ ပြန်သိမ်းပြန်ပြောပြီးမှ အရပ်သားဒေသတွေ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု တိုးမြင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တိုင်းဌာနချုပ်တွေ လှည့်လည်စည်းရုံး၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာပဋိပက္ခ တရုတ်ရဲ့ သက်ရောက်မှု သုံးသပ်ချက် မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ စက်တင်ဘာ ၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၇၊ ၂၀၂၄
ကလေးငယ်တွေသေဆုံးတဲ့ စစ်တပ်တိုက်ခိုက်မှု ရှမ်းလူငယ်တွေ ရှုတ်ချ၊ Yagi မုန်တိုင်းကြောင့် ဗီယက်နမ်မှာလည်း သေဆုံး ဒဏ်ရာရ၊ နယူးယောက် တိုက်ခိုက်ဖို့ ကြံစည်သူ ကနေဒါမှာ ဖမ်းမိ၊ ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုအန္တရာယ် ကန်နဲ့ ဗြိတိန်သတိပေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။