TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင် ၇ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင် ၇ ရက်၊ ၂၀၂၄) − ခိုလှုံခွင့်တောင်းခံသူ ရဝမ်ဒါ ပို့မယ့်မူ ဗြိတိန်ဖျက်သိမ်းတာ၊ မြန်မာကိုပို့မယ့်လက်နက်တွေ မဲဆောက်မှာ ထိုင်းရဲကဖမ်းတာ၊ EURO 2024 ဖလားပွဲမှာ အင်္ဂလန်နဲ့ နယ်သာလန်တို့ ဆီမီးဖိုင်နယ်တက်သွားတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွားသတင်းများ အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇူလိုင် ၇ ရက်၊ ၂၀၂၄)
ရေအောက်က ပန်းချီဆရာ၊ မိတ်မလိုက်ဘဲ သားပေါက်တဲ့မြွေ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ Apple က ကျောင်းသားနည်းပညာပြိုင်ပွဲ ဆုရ မွန်လူငယ်နဲ့ စကားပြောထားတဲ့ GenZ၊ ငါးပြတိုက် အလည်တခေါက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇူလိုင်လ ၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၇၊ ၂၀၂၄
ဂါဇာအပစ်ရပ်ရေးအဆိုပြုချက် အစ္စရေးတုန့်ပြန်မှု ဟာမတ်စ်စောင့်နေ၊ ဂျပန်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနဲ့ နိုင်ငံတကာအရေးကိစ္စတွေ ဆွေးနွေး စတာတွေနဲ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။