TV Schedule
ဗွီအိုအေ မြန်မာပိုင်း မနက်ခင်း၊ ၇ အောက်တိုဘာ ၂၀၂၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဉက္ကဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်၊ ဂါဇာတိုက်ပွဲ နှစ်ပတ်လည် ကမ္ဘာအနှံ့ ဆန္ဂပြ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၀၇၊ ၂၀၂၄)
အစ္စရေးနိုင်ငံထဲ ဟားမတ်စ် အဖွဲ့ ဝင်တိုက်ခဲ့တဲ့ တနှစ်ပြည့်နေ့မှာပဲ အစ္စရေး စစ်တပ်က ဂါဇာကမ်းမြှောင်ကို လေကြောင်းကဆက်တိုက်၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အဆုံးသတ်ရေး ASEAN အနေနဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့လိုတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်သွားတဲ့အတွက် မိသားစု မိတ်ဆွေတွေနဲ့အတူ ဝမ်းနည်း ကြေကွဲရတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးထုတ်ပြန်
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၇၊ ၂၀၂၄)
မြန်မာ့အရေး အာဆီယံက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ်တိုက်တွန်း၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် တုံ့ပြန်ချက်များ စတာတွေအပြင် မြန်မာ့အရေး ဖြေရှင်းရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။