TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၆ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၆ ရက် ၂၀၂၄) − ဂါဇာနဲ့ လက်ဘနွန်အပစ်ရပ်ဖို့ အီရန်တောင်းဆိုတာ၊ ရာဂီရေဘေး ကန်ဦးဆောင်ကူညီဖို့ CSIS ပြောတဲ့ သတင်းတွေနဲ့ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ၊ လယ်ယာစီးပွါး အစီအစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (အောက်တိုဘာ ၆ ရက်၊ ၂၀၂၄)
ကင်ဆာဓာတ်ကင်ချိန် ဆံပင်ကျွတ်သက်သာမယ့် စက်တီထွင်၊ ထိုင်းက ဆိုရှယ်မိဒီယာစတား ရေမြင်းလေး အိတုန်ပုံတူ စားစရာနဲ့ လက်ဆောင် ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ပင်လယ်ပြင်သန်ရှင်းရေး လုပ်ဆောင်ကြတဲ့ လူငယ်များ GenZ အစီအစဉ်၊ နောက်တော့ ထိုင်းမှာ မြန်မာတွေ ဒုတိယအများဆုံးဆိုတဲ့ မြို့က စာသင်ကျောင်းကို သွားကြည့်မယ့် နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမဏီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ အောက်တိုဘာလ ၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၆၊ ၂၀၂၄)
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဗလီမှာ ၁၉ ဦး သေဆုံး၊ ကျန်းမာရေးကြောင့် မန်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။