TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၄ ရက်၊ ၂၀၂၄)
လားရှိုးက အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် သိမ်းဆည်းခံရ၊ ဂါဇာက တိုက်ပွဲ၊ ရုရှား ရေငုပ်သင်္ဘောကို နှစ်မြှုပ်လိုက်ကြောင်း ယူကရိန်း ပြောဆို စတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါးအစီစဉ်တွေ တင်ပြပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဩဂုတ် ၄ ရက်၊ ၂၀၂၄)
လမ်းပေါ်က ဆေးလိပ်အမှိုက်ကောက် AI ခွေးစက်ရုပ်၊ AI ဉာဏ်ရည်တုနဲ့ ကိုယ်လိုချင်တဲ့ ချစ်သူ ဖန်တီးနိုင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ စင်္ကာပူမှာ အလုပ်ရှာတဲ့ လူငယ်တွေ သိထားသင့်တာတွေ မေးထားတဲ့ Gen Z အစီအစဉ်၊ နောက်တော့ ထိုင်းမှာ အလုပ်လုပ်ချင်သူတွေ ပွဲစားကောင်းနဲ့ တွေ့ဖို့ ဘာ့ကြောင့်အရေးကြီးလဲဆိုတဲ့ နေရာပေါင်းစုံ အကြောင်းစုံနဲ့ တီဗွီမျှော်စင်နဲ့ အမြင့်ဆုံးဘားဆိုင်ကို သွားခဲ့တဲ့ နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ ဩဂုတ်လ ၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၄၊ ၂၀၂၄)
အစ္စရေး၊ ပါလက်စတိုင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိ၊ အရေးကြီးတဲ့ မဲဆန္ဒနယ်မြေတွေမှာ ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးလုပ်ငန်းတွေ အရှိန်မြှင့် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။