TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၄၊ ၂၀၂၄)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဆက်ပြီးယှဉ်ပြိုင်မှာလို့ ပြော၊ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု genocide နဲ့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ စွဲထားတဲ့အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လဒိုက် နိုင်ငံတွေက ကြားဝင်ပြီး ပါဝင်ခွင့်ပြုလိုက်တဲ့အကြောင်း ICJ က ကြေညာချက်ထုတ်ပြန်၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပတ်လည်မှာ ဒုတိယမြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၄၊ ၂၀၂၄)
လားရှိုးမြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်၊ ICJ တရားရုံးက မြန်မာအမှုမှာ နိုင်ငံ ၇ နိုင်ငံကို ပါဝင်ခွင့်ပြု၊ ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းအကြမ်းဖက်မှုတွေ ဖြစ်မယ့်အရေး ကုလအထူးကိုယ်စားလှယ် သတိပေး စတာတွအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။